Thursday, October 3, 2013

မွေးမိဘများကို ဖေ့ဘွတ်ပေါ်မှာ ရှာတွေ့တဲ့ ကောင်မလေး


မွေးမိဘများကို ဖေ့ဘွတ်ပေါ်မှာ ရှာတွေ့တဲ့ ကောင်မလေး

ပြောရရင်တော့ Social Media ကြီးကောင်းကြောင်းကိုပဲ အမွန်းတင်ရမှာ ဖြစ်ပါတယ် ။ Like တစ်ခု Share လေးတစ်ခုက စလို့ Facebook ဆိုတဲ့ ကျယ်ပြန့် တဲ့  နက်ဝေါ့ခ်ကြီးမှာ မိသားစုနဲ့ ပြန် ဆုံဆည်းခဲ့ တယ်ဆိုတာ အိမ်မက်တွေ တကယ် ဖြစ်လာပါတယ်လို့ ဆိုရမှာပါ။
ဆိုင်မွန်… ဆိုတဲ့ ကောင်မလေး၊ သူမ အသက် ၁၈ နှစ်တုန်းကစလို့ စာတွေ ကပ်ပြီး မိဘအရင်းတွေကို သုံးနှစ်လောက် ရှာဖွေခဲ့ တယ် ။ သူမ ကို ဘယ်သူမွေးစားထားတယ်လို့ တော့ မပြောထားပေမဲ့ သူမ မိဘရင်းတွေကို ငယ်ငယ်ကထဲက တွေ့ ချင်ခဲ့တယ် ။  ဒါပေမဲ့ ဘာမှမထူးခဲ့ပါဘူး ။
နောက်ဆုံး Social Media ကို အသုံးပြုပြီး သူမမိဘတွေကို ရှာဖွေဖို့  ဆုံးဖြတ်ခဲ့တယ် ။ ဒါပေမဲ့  သူမ သိတာက သူမ မွေးမိဘတွေနဲ့ ပတ်သတ်တဲ့ အချက်အလက် တွေ ဆိုလို့  သူမကို မွေးဖွားခဲ့တဲ့ ဆေးရုံ နာမည် နဲ့ သူမ ငယ်နာမည် Whitney ဆိုတာပါပဲ ။ ပြီးတော့ သူမကို မွေးတဲ့ အချိန် သူတို့ က ဆယ်ကျော်သက် ၁၆ နှစ်လေးတွေဆိုတာပါ ။
ကျေးဇူးပြုပြီး ကျွန်မကို မွေးပေးခဲ့ တဲ့ မိဘကို ရှာပေးကြပါ.. ဆိုပြီး သိသလောက် အချက်အလက်တွေ ချရေး (ယခုနှစ် ) ဇန်န၀ါရီလ ၂၇ ရက်နေ့ မှာ စပြီး ဖေ့ဘွတ်မှာ သူမကိုယ်တိုင် ရိုက်ထားတဲ့ ပုံကို တင်ခဲ့တယ် ။ဒီ ပုံလေးဟာ ဖေ့ဘွတ်မှာ ချက်ချင်း ပြန့် သွားပါတယ် 14,000 likes နဲ့ 160,763 shares အထိ ရှိခဲ့တယ် ။
ကံကောင်းတယ်လို့ ဆိုရမှာပဲ နှစ်ရက်မြောက်နေ့ မှာ သူမဆီကို မွေးမိခင်ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတယ် ။ သူမငယ်ငယ်တုန်းက ပုံကို ကိုင်ပြီး ရောက်လာတဲ့ မိခင်ရင်း ကို ၀မ်းသာစွာနဲ့ တွေ့ ရှိခဲ့ တယ် ။
Social Media အားက တော်တော်ကို ကြီးတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် ။ ဆိုင်မွန်တစ်ယောက် သူမကို Like တစ်ခု Share တစ်ခု နဲ့ ကူရှာပေးခဲ့တဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။ ပြီးတော့ သူမလို ဖေ့ဘွတ်မှာ မိဘရှာနေသူတွေလည်း အများအပြား ရှိနေပါတယ်လို့ ဆိုပါတယ် ။
ဗုဒ္ဒဟူးနေ့ မှာ တော့ အားလုံးကို ကျေးဇူးတင်တဲ့ စာရေးပြီး တင်ခဲ့ပါတယ်။

” All of you are the reason that I can say I now know my birth family. Please, please continue to use this page to talk, to connect, and to build a community of birth parents and adoptees who want to come together, for whatever purpose … Thank you, thank you, thank you. Without you, I would still be searching ”
 

လင်းတန်ဆောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...