Wednesday, October 2, 2013

ကမ္ဘာကျော်ခဲ့တဲ့ လိုဂိုတစ်ခုအနောက်က ၀မ်းနည်းစရာဇာတ်လမ်း




  

Metro-Goldwyn-Mayer လို့ခေါ်တဲ့ ကမ္ဘာကျော် အမေရိကန် မီဒီယာ တစ်ခုအနေနဲ့ အမှတ်တံဆိပ်တစ်ခုရဖို့အတွက် တကယ့် ခြင်္သေ့ အစစ်ကို အသုံးပြုခဲ့ပါတယ်။
ယင်းကဲ့သို့ ကြိုးစားမှုနဲ့အတူ ယနေ့တိုင် ထိုက်တန်တဲ့ အောင်မြင်မှုကိုလည်း ရရှိခဲ့စေပါတယ်။ သို့ပေမယ့် အောင်မြင်မှု နောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်လမ်း တစ်ပုဒ် ရှိနေပါတယ်။ ပထမဆုံး အော်ရီဂျင်နယ် လိုဂို လုပ်တုန်းက ဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်၊ ၁၉၂၄ ကနေ ၁၉၂၈ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ခြင်္သေ့ Slats ဟာ သူ့ခြင်္သ့ထိန်း တစ်ဦးနဲ့ လက်ထောက် နှစ်ဦးကို ကိုက်သတ်ခဲ့ပါတယ်။
 ပထမဆုံး အကြိမ် လိုဂိုလုပ်ဖို့ ရိုက်ကူးပြီး နောက်တစ်ရက်မှာပဲ သုံးဦးလုံး အကိုက်သတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ MGM အနေနဲ့ ယင်းအတွက် လျော်ကြေးငွေနဲ့ ဖြေရှင်းပြီး လူသေတဲ့ သတင်းက ပျောက်ကွယ်သွားပါတယ်။ ပထမ တစ်ကြိမ်က ဖြစ်ရပ်ကို သင်ခန်းစာယူလို့ နောက်ထပ် ခြင်္သေ့လေးကောင်နဲ့ ရိုက်တဲ့ လိုဂိုများမှာ ဘေးကင်းပေမယ့် ပထမ လိုဂိုမှာ သွေးစွန်းသွားတဲ့ MGM ဟာ ခေတ်အဆက်ဆက်မှာ အခက်အခဲများစွာ ကြုံရတယ်လို့ ယုံကြည်သူ များလည်း ရှိကြောင်း သိရပါတယ်။
--
Ref: rare-facts
By Aung Kham (ရိုးရာလေး)

သတင်းများစွာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...