Monday, September 30, 2013

သင်သေသွားသော် (ဆရာဇော်ဂျီ)



--------------------

သြော် –

လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်....

သို့ပြီးတကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ
သင်တို့ပြည်သည်၊
အခြေတိုးမြင့် ကျန်ကောင်းသင့်၏...

သင်၏ မျိုးသား၊
စာစကားလည်း၊
ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏...

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။

ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...