Thursday, October 3, 2013

ကြောက်စရာအသားစားကင်းခြေများ




 Peruvian Giant Centipede(scolopendra gigantean) လို့ခေါ်တဲ့ကင်းခြေများကြီးဟာ ၃၀ စင်တီမီတာ(၁၂ လက်မ)အရှည်ရှိပြီးတော့ တောင်အမေရိကနိုင်ငံမြောက်ပိုင်းနဲ့ ကာရေဘီယံအနီးတစ်ဝှိုက်က ကျွန်းတွေမှာ တွေ့ရပါတယ်။ အဲဒီအကောင်ကြီးက ဖားတွေ၊ပုတ်သင်ညိုတွေ၊ငှက်တွေ၊ကြွက်တွေနဲ့ လင်းနို့တွေကိုတောင် ဖမ်းယူစားသောက်နိုင်ကြပါတယ်။ရှည်လျားပြီး ဘ၇ိတ်ဓါးတွေလို မြိနေတဲ့သွားတွေက အစာတွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။သူရဲ့ အဆိပ်ကလဲ တကယ်လို့ လူတွေကို ထိုးမိရင် အသက်ရှုမရတာတွေ၊အားနည်းတာတွေနဲ့ ဖျားနာတာတွေဖြစ်တတ်ပါတယ်တဲ့

မောင်စိုင်း(ကနောင်)
Scientist Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...