Saturday, August 31, 2013

ကမ္ဘာကျော်ခဲ့သော အလွဲများ

Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

 
Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။

Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။


Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။


Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က

ပရိုဂရမ်မာတွေက  ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။

Credit to Than Htike Aung


ref: facebook(myanmar jokes)

မြေအောက်ကမ္ဘာထဲကအိမ်

အိမ်ဆိုတာဟာ မြေပေါ်မှာသာ လှလှပပ တင့်တင့်တယ်တယ် ဆောက်ကြရတယ် မဟုတ်လားရှင်။ ဒါပေမဲ့ အများနဲ့မတူဘဲ မြေကြီးအောက်ထဲမှာမှ ထူးထူးဆန်းဆန်း ဆောက်ထားတဲ့ အိမ်တစ်လုံးအကြောင်း ပြောပြပါဦးမယ်။ အမယ်.. မြေကြီးထဲမှာ ဆောက်ထားတဲ့အိမ်ဆိုလို့ မလှမပ ခပ်စုတ်စုတ် အိမ်တစ်လုံးလို့ မထင်ကြပါနဲ့နော်။ အင်မတန်ခမ်းနားလှပစွာ ဆောက်ထားတဲ့ အိမ်ဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ ရှိသင့်တဲ့ ပရိဘောဂ စုံလင်စွာနဲ့ ဆောက်လုပ်ထားတာမို့ နေချင်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

underground home designs swiss mountain house 8 Incredible Underground Residence in Switzerland
အပေါ်က ပုံမှာ အလယ်ကောင်က အဝိုင်းလေးဟာ မြေကြီးထဲက အိမ်ကို ဝင်တဲ့ ဝင်ပေါက်ဖြစ်ပါတယ်။ အိမ်အဝင်ဝဟာ ယခုကဲ့သို့ အဝိုင်းပုံသဏ္ဍာန် ဖြစ်ပြီး  ဘေးပတ်ဝန်းကျင် အိမ်တွေအားလုံးကတော့ ပုံမှန်အတိုင်း မြေပြင်ပေါ်ဆောက်ထားတဲ့ အိမ်များသာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြေကြီးထဲက အိမ်ကလေးကို အနီးကပ်ကြည့်ကြည့်ရအောင်လားနော်။


underground home designs swiss mountain house 3 Incredible Underground Residence in Switzerland
တကယ်တမ်းတော့ ဒီမြေအောက်က အိမ်ကလေးဟာ တောင်တန်းတစ်ခုရဲ့ တောင်စောင်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ဆီရောက်နိုင်ဖို့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ လျှောက်လမ်းတွေကနေ တက်ရောက်နိုင်ပါတယ်။ ပြီးတော့လည်း ခုလိုတောင်စောင်းမှာ ဆောက်ထားတာ ဖြစ်တဲ့အတွက် တောင်ပေါ်ကနေ ခဲလုံး၊ သို့မဟုတ် အရာဝတ္ထု တစ်ခုခုများ ပြုတ်ကျလာပြီး အိမ်ကလေးကို ထိခိုက်နိုင်မယ် ထင်ပါတယ်နော်။ ဒီလိုဆိုရင်ဖြင့် အဲဒီပြဿနာကို ဘယ်လိုများ ကာကွယ်ထားသလဲလို့ လေ့လာကြည့်ရအောင်နော်။
 
အိမ်ကိုမြင်ရတဲ့ ညမြင်ကွင်းပါ။ 

underground home designs swiss mountain house 1 Incredible Underground Residence in Switzerland
underground home designs swiss mountain house 16 Incredible Underground Residence in Switzerland
 
 


underground home designs swiss mountain house 9 Incredible Underground Residence in Switzerland
 
အမှန်တော့ အိမ်ဝင်ပေါက် အဝိုင်းကြီးရဲ့ ဘေးပတ်ပတ်လည်ကို မြင်ရတဲ့အတိုင်း သံဆန်ကာများ ကာရံထားတာ ဖြစ်ပါတယ်။ ဒီလိုကာရံထားတဲ့အတွက် အပေါ်က ကျလာမဲ့ ကျောက်ခဲ အမှိုက်သရိုက်တွေ အိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ နံရံတွေကို ကျောက်တုံး၊ ကွန်ကရိများဖြင့် ကာရံထားပြီး ပြတင်းများ ၊ တံခါးများကိုတော့ မှန်သားများ တတ်ဆင်ထားကာ ဝက်သစ်ချသားကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ မှန်ချပ်ကြီးများ၊ ပြတင်းပေါက် များကတော့ အိမ်ထဲကို နေရောင်ခြည် များများရောက်နိုင်အောင် ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ထားတာပါ။

underground home designs swiss mountain house 6 Incredible Underground Residence in Switzerland

underground home designs swiss mountain house 11 Incredible Underground Residence in Switzerland
 
အိမ်အတွင်းထဲရှိ အိပ်ခန်းတစ်ခုနဲ့ အိမ်အဝင်ပေါက်ရဲ့ အနေအထားပါ။ အိမ်အပြင်ကနေ အိမ်တွင်းကို ရေသွယ်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားစရာရယ်နော်။

underground home designs swiss mountain house 13 Incredible Underground Residence in Switzerland
 
အိမ်ထဲကိုဝင်လိုက်တာနဲ့ ဒီအပြင်ဧည့်ခန်းကို ဖြတ်သန်းပြီးမှ အထဲကို ရောက်ပါတယ်။

underground home designs swiss mountain house 5 Incredible Underground Residence in Switzerland
 
အိမ်အတွင်းဧည့်ခန်း

underground home designs swiss mountain house 7 Incredible Underground Residence in Switzerland
 
အိမ်ရဲ့ မီးဖိုခန်း

underground home designs swiss mountain house 17 Incredible Underground Residence in Switzerland
 
အိပ်ခန်းတစ်ခု

underground home designs swiss mountain house 15 Incredible Underground Residence in Switzerland
 
ရေချိုးခန်း


underground home designs swiss mountain house 12 Incredible Underground Residence in Switzerland
 
နောက်ထပ် အိပ်ခန်းတစ်ခု


underground home designs swiss mountain house 10 Incredible Underground Residence in Switzerland

underground home designs swiss mountain house 14 Incredible Underground Residence in Switzerland
 
အောက်ထပ် မြေတိုက်ခန်း 

Image Hosted by PicturePush - Photo Sharing 
 
သာယာတဲ့ ရှုခင်းပတ်ဝန်းကျင်နဲ့ မြေအောက်အိမ်

Image Hosted by PicturePush - Photo Sharing 
 
နှင်းဖုံးနေသော ဆောင်းရာသီချိန် မြင်ရပုံ

ဒီမြေအောက်အိမ်ရဲ့ တည်နေရာက ဆွစ်ဇာလန်နိုင်ငံရဲ့ Vals ကျေးရွာကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။  SeARCH and Christian Müller Architects  ကုမ္ပဏီရဲ့ ဒတ်ခ်ျလူမျိုး ဗိသုကာပညာရှင် Bjarne Mastenbroek ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီမြေကမ္ဘာအောက်က အိမ်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော့်ရဲ့ အမြင်တော့ မြေကြီးအောက်မှာ အိမ်ဆောက်ထားတဲ့အတွက် မီးဘေးလည်း စိုးရိမ်ဖို့မလို၊ လေပြင်းမုန်တိုင်းကိုလည်း ကြောက်ဖို့မလို ၊ ပူအိုက်လွန်းတဲ့ နွေရာသီမျိုးမှာလည်း မြေအောက်အိမ်ဟာ အေးမြနေလိမ့်မယ် စသဖြင့် ကောင်းကျိုးတွေ ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကရော ကောင်းကျိုး ဆိုးကျိုး ဘယ်လိုမျိုးများမြင်ပါသလဲရှင်။
ချော(အစိမ်းရောင်လွင်ပြင်) မှ ပိုစ့်ဖြစ်ပါသည်...ပြန်လည်မျှဝေလိုက်ပါသည်........

ကမ္ဘာ့အကြီးဆုံးနန်းတော်များ

ကမ္ဘာ့အကြီးဆုံးနန်းတော်များကို ၁ မှ ၁၀ အထိတင်ပေးပါမယ်။
မှတ်တမ်းများဟာ တစ်ခုနှင့်တစ်ခု မတူပဲကွဲပြားပါတယ်။အခုတင်ပြမှာက
အလှပဆုံး၊ အကျော်ကြားဆုံး ၊ စာရင်းမဟုတ်ပဲ တည်ဆောက်ထားတဲ့မြေနေရာနှင့်
အဆောက်အဦးတွေထဲမှာ အကြီးဆုံးနန်းတော် ၊ စံအိမ်များဖြစ်ပါတယ်။
ဒါတောင် wiki နှင့် Guinness  မှတ်တမ်းနှစ်ခုတွင် ကွဲလွဲနေပါသေးတယ်။
ဆက်လက်အားပေးကြပါအုံးနော်...



(၁) Louvre Palace
 


ပြင်သစ်နိုင်ငံမှာတည်ရှိပြီး ဘုရင့်နန်းတော်အဖြစ် နှစ်ပေါင်း ၃၀၀လောက်အသုံးပြုခဲ့ပါတယ်။
အခုအခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
210,000 square metres (2,260,421 sq ft) ကျယ်ဝန်းပြီး wiki စာရင်းတွင် နံပါတ်တစ်
ပေးထားပါတယ်။ သို့သော် ဂရင်းနစ်မှတ်တမ်းမှာတော့ အောက်က နန်းတော်ကိုသာ
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။


(၂)  Istana Nurul Iman
 


ဂရင်းနစ်မှတ်တမ်းမှာတော့ နံပါတ်(၁) အဖြစ်မှတ်တမ်းတင်ထားပါတယ်။
ဘရုနိုင်း နိုင်ငံမှာတည်ရှိပြီး 200,000 square metres (2,152,782 sq ft) ကျယ်ဝန်းပါတယ်။



(၃) Apostolic Palace
 


ဗာတီကမ်စီးတီးလို့ ခေါ်တဲ့ ပုပ်ရဟန်းမင်း၏ အုပ်ချုပ်ရာ နေရာပါ။
Vatican Palace လို့အသိများကြပါတယ်။ပြတိုက်ပါတွဲဘက်ပါရှိပါတယ်။
162,000 square metres (1,743,753 sq ft) ကျယ်ဝန်းပါတယ်။



(၄) Forbidden City
 


ဒီနန်းတော်အကြောင်းကို တားမြစ်ထားသောမြို့တော် (The Forbidden City)
ဆိုတဲ့ခေါင်းစဉ်နှင့် ပိုစ့်ရေးထားပါတယ်။ တရုတ်ဧကရာဇ်နန်းတော်ဖြစ်ခဲ့ပြီး
မင်မင်းဆက် မှ ချင်မင်းဆက် (မန်းချူးမင်းဆက်) အထိ အသုံးပြုခဲ့တဲ့နန်းတော်တစ်ခုပါ။
ဧရိယာအားလုံးပေါင်းကတော့ 150,000 square metres (1,614,587 sq ft) ရှိပါတယ်။



(၅) Royal Palace of Madrid
 


စပိန်နိုင်ငံ မဒရစ်မြို့မှာတည်ရှိပြီး 135,000 square metres (1,453,128 sq ft)
ကျယ်ပါတယ်။



(၆) The Palace of Versailles
 


ပြင်သစ် မှ Versailles တွင်တည်ရှိပြီး 90,833 square metres (977,718 sq ft)
ကျယ်ပါတယ်။



(၇) Palace of Venaria
 
 
 
အီတလီ နိုင်ငံမြောက်ပိုင်းက Turin မှာတည်ရှိပါတယ်။ဘုရင့်တော်ဝင်နေရာအဖြစ်
သမိုင်းဝင်နေရာတစ်ခုဖြစ်ကာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပါတယ်။
80,000 square metres (861,113 sq ft) ကျယ်ပါတယ်။



(၈) Buckingham Palace  
 


နာမည်ကျော် အင်္ဂလန်နိုင်ငံ၏ ဘာကင်ဟမ်နန်းတော်ပါ။ကမ္ဘာပေးတွင် လက်ရှိ
ကိုယ်တိုင်နေထိုင်အုပ်ချုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံးနန်းတော် အဖြစ်မှတ်တမ်းဝင်ပါတယ်။
77,000 square metres (828,821 sq ft) ကျယ်ပါတယ်။



(၉) Topkapi Palace
 


တူရကီနိုင်ငံ အစ်စတန်ဘူမှာတည်ရှိပြီး လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော် ၊
အော်တိုမန်အင်ပါယာ အင်အားကောင်းစဉ်က လက်ရာတစ်ခုပါ။
70,000 square metres (753,474 sq ft) ကျယ်ဝန်းပါတယ်။



(၁၀) Quirinal Palace
 


ဒီနန်းတော်ဟာ Palazzo del Quirinale ဆိုသူကို အစွဲပြုပြီးအမည်ပေးထားတာပါ။
ဒါကြောင့် ကိုယ်ပိုင်နာမည်ပေးထားသော နန်းတော် အဆောက်အဦများတွင်
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားပါတယ်။အီတလီမှာပဲတည်ရှိပြီး အဆောက်အဦးကတော့
67,000 square metres (721,182 sq ft) ကျယ်ပါတယ်။
အဆောက်အဦပိုင်မြေ အကျယ်ကတော့ 87,728,720 square feet
(8,150,265 m2) (သို့) 2,014 acresအထိရှိပါတယ်။

သူငယ်ချင်းတို့အတွက် ကွဲလွဲမှုများကိုပါစုစည်းတင်ပေးလိုက်ပါတယ်။

နောင်အခါကျမှ အလှပဆုံး ၊ အကျော်ကြားဆုံး နန်းတော်အဆောက်အဦးများကို
စုစည်းပြီးထပ်တင်ပေးပါမယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ


 

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။

သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့

အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောင့်ရေး ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။

သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။ ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း မရှိပါဘူး။


ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့ ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland (သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။ ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက် ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။


Queensland ဘုတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။

--
Ref: greatist.com

Aung Kham ( ရိုးရာလေး )


http://myawadynews.blogspot.com/2013/08/blog-post_4718.html

အမှတ်တမဲ့အလွဲများ

ဒီတစ်ပတ် သူငယ်ချင်းတို့အတွက် အမှတ်တမဲ့အလွဲများ လာပါပြီဗျာ...

လိုင်စင်က အိမ်မှာကျန်ခဲ့ပါတယ်ဆိုမှဗျာ...ရစ်တယ်...


 
ဟဲဟဲ...မအေးမှာမပူရတော့ဘူးပေါ့...



သေစမ်းကွာ...


 
အိုး...


 
ဟင်...ဘယ်လိုကြီးလဲဟ


 
တော်တော်အားပေးနေတာပဲ...































































































































































































































































































































































































































































































































































































































 
သူမို့မကြောက်မရွံ့နော်...


 
သေပြီ ဆရာ...


 
ကလေးဖိုက်တာကွ...


 
ဟိုလူဘာလုပ်နေတာလဲဟ...ဟီးးး



သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ........

မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး



(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၂) မြတ်စွာဘုရားရှင်သည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။

(၃) မြတ်စွာဘုရားရှင်သည် တောထွက်တော်မူသည့်အချိန်မှစ၍ ပယ်ဖြတ်ထားတော်မူသော ဆံတော်တို့သည် ထိုဖြတ်ထားသည့်အတိုင်းအတာပမာဏ လက်လေးသစ်မျှသာလျှင် ရှည်ခြင်းမရှိ အမြဲတည်နေခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၄) မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးတော်မူသည့်အခါ သပိတ်တော်ကိုဆေးလျှင် လက်တော်ဦးစွာစင်တော်မူပြီး၊ လက်တော်ဆေးတော်မူလျှင် သပိတ်တော်သည် ဦးစွာစင်တော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၅) မြတ်စွာဘုရားရှင်သည် တန်ခိုးတော်ဖြင့် မုံညင်းစေ့ ကဲ့သို့သောသေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၆) မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးလွှတ်လတ်သည်ရှိသော် အရပ်ဆယ်မျာက်နှာသို့ ဖောက်ထွင်း၍သွားတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၇) မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကဲ့သို့သော ပုံတော်တူ နိမ္မိတ ရုပ်ပွားတော်ပေါင်း အသင်္ချေမကဖန်ဆင်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၈) မြတ်စွာဘုရားရှင်သည် အလင်းကိုလည်းကောင်း၊ အမိုက်တိုက်ကိုလည်းကောင်း၊ ခေတ်သုံးပါးတို့တွင် ပေးစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၉) မြတ်စွားဘုရားရှင်သည် သီတင်းသုံးစံနေ(ထိုင်)တော်မူသည်ရှိသော လူတို့သည် ကောင်းကင်ယံတွင် လပြည့်ဝန်ကိုအတိုင်းသား မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ အသရေတော်ကို အတိုင်းသား ဖူးမြင်နိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၁၀) မြတ်စွာဘုရားရှင်သည် တရားဒေသနာဟောတော်မူသည့်အခါတွင် အသံတော်ရှစ်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ တရားနာပရိဿတ်ကို တစ်ယောက်ချင်းစီ ကပ်လျှက်ဟောဘိနေသကဲ့သို့ နာ ကြားစေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၁) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တာတို့၏ စိတ်အလိုကို အာသယာ နုသယ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၂) မြတ်စွာဘုရားရှင်သည် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော် မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၃) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ ကျွတ်တန်းဝင်ရမည့်အချိန် အခါတည်းဟူသော ဣနြေ္ဒအနု၊အရင့်ကို သိတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၄) မြတ်စွာဘုရားရှင်သည် ဉေယျဓံတရား(၅)ပါးကို သိမြင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါ။

(၁၅) မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူလတ်၍ လက်တော်ကိုဆန့်တန်းတော် မူလိုက်လျှင် သပိတ်တော် အစရှိသည့် အလိုရှိသည့် ပရိက္ခရာ များသည် အလိုအလျောက် ရောက်ရှိလာခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၆) မြတ်စွာဘုရားရှင်သည် ၀ဲဘက်မျက်လုံးတော်မှ ရေအလျှံ၊ယာဘက်မျက်လုံးတော်မှ မီးအလျှံ၊ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၇) မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့ အဘိဓမ္မာတရားတော်မြတ် ဟောကြား တော်မူရန် ကြွရောက်တော်မူရာတွင် ပကတိ သုံးဖ၀ါးနှစ်လှမ်းမျှသာ ကြွချီတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၈) မြတ်စွာဘုရားရှင်သည် ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် အဖုအထစ်၊အနိမ့်၊ အမြင့် ရှိကြသော မြေအပြင်သည် ညီညာချောမွတ်ပြီး ခြေတော်ရာ မထင်ကျန်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

ဤကားမြတ်စွာဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါးပင်ဖြစ်၏။

(အကြောင်း၊အကျိုး၊အကောင်း၊အဆိုးကိုသိမြင်နားလည်နိုင်ကျင့်ကြံနိုင်ကြသူများ ဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ

Website; www.ashintejaniya.com
_______________________________

Dhammavira Ashin ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}


https://www.facebook.com/photo.php?fbid=420088954774906&set=a.3146471619857

တရုတ် နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ ဖွင့်လှစ်

 
ပေကျင်း  
 
ပင်တဂွန် စစ်ဌာနချုပ်ထက် သုံးဆကြီးပြီး နေရောင်ခြည် အတုဖြင့်ဖန်တီး ဆောက်လုပ်ထားသော New Century Global Center အမည်ရှိ ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ တစ်ခုကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ချန်ဒူးမြို့တွင် ဖွင့်လှစ် ခဲ့ကြောင်း  ဇူလိုင် ၁၃ ရက်က အင်တာနက် သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ယင်းအဆောက် အအုံသည် မီတာ ၁ဝဝ အမြင့်ရှိပြီး  Sydney  Opera Houses 20 ကျင်းပရန် လုံလောက်မှု ရှိသည်ဟု သိရသည်။

ယင်းအဆောက် အအုံသည် ကမ္ဘာ့ အကြီးဆုံး အဆောက်အအုံဖြစ်ပြီး အရှည်မီတာ ၅ဝဝနှင့် အကျယ်ပေ ၄ဝဝ မီတာ ရှိသည့် အပြင် ကြမ်းခင်း ဧရိယာ စတုရန်း  မီတာ ၁ ဒသမ ၇ သန်းရှိသည်။
အဆောက်အအုံ အတွင်း IMAX ရုပ်ရှင်ရုံတစ်ရုံ၊ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်နှစ်လုံး၊ စီးပွားရေး စင်တာနှစ်ခု၊ တက္ကသိုလ် အဆောက်အအုံ တစ်ခု၊  အစည်းအဝေး ခန်းမများ၊  ရုံးများနှင့် ဈေးဝယ် စင်တာများကို ဧရိယာ စတုရန်း မီတာ ၄ဝဝ,ဝဝဝ အတွင်း ဆောက်လုပ် ထားသည်။
ထို့အပြင် Global Center အတွင်း ကမ်းခြေအတု၊ ရေပန်းဥယျာဉ်၊ ရေတံခွန်များနှင့် ရေကြောင်းဆိုင်ရာ ပြတိုက် များပါ ရှိသည့်အပြင် ဧရိယာ စတုရန်း မီတာ ၅ဝဝဝ ကျယ်ဝန်းသော ကမ်းခြေအတုတွင်  အပျော် ဖောင်စီးခြင်း၊ လူအယောက် ၆ဝဝဝ စားသုံး နိုင်သော ပင်လယ် စာ အစားအစာ ဆိုင်များနှင့် နေကာ ထီးများ  ပါဝင်ကြောင်း သိရသည်။
အဆိုပါ Global Center အဆောက်အအုံသည် ချန်ဒူးမြို့၏ အထိမ်းအမှတ် အဆောက်အအုံသစ် တစ်ခု ဖြစ်လာမည် ဖြစ်သည်။

အမှတ်တမဲ့အလွဲများ

သူငယ်ချင်းတို့ဆီကို ဒီတစ်ပတ်ရဲ့အမှတ်တမဲ့တွေ့ရတဲ့အလွဲများ ပို့ပေးလိုက်ပါပြီဗျာ။
အားပေးကြပါအုံးနော်...


ဦးဦးတိဗတ်ကြီး ဘာတွေအသဲအသန်ရှာနေတာလဲဗျ...



 

ဟ...ဒါမြန်မာပြည်နဲ့တူတယ်...ပြေးဟေ့.....



ကမ္ဘာကြီးကရွာကြီးဖြစ်နေပြီဗျ...



 

သြော်...ကပ်တီးကပ်သက်ဗျာ...


 

သေပြီဆရာ... ဗွမ်း


   

ဒီလောက်အမြင့်ကြီးထားတော့ အကုန်လုံး ကိုးလို့ကန့်လန့်ဖြစ်ကုန်ပြီပေါ့.. ဟီးး


 

ဟ...ဘယ်လိုကြီးလဲဟ


 

လာစမ်း...ဘယ်ပြေးမလဲ


 

သူတို့ကို အင်တာဗျူးမလို့ဟာ ၊ ဒေါကြီးပဲ


 

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ကမ္ဘာတစ်လွှား အံ့သြဖွယ်ရာ ထူးခြားလှပဆုံး ပြတိုက် (၉) ခု

ကမ္ဘာတစ်လွှားရှိ ပြတိုက်တိုင်းလိုလိုပင် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ၊ ရှားပါးသော ယဉ်ကျေးမှု အမွေအနှစ်များ၊ အံ့သြဖွယ်ရာ တင်ဆက်ပြသပုံများ၊ ထူခြားလှပသော အနုပညာ ပစ္စည်းများအပြင် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများ ပြည့်နှက်လျက်ရှိသည်။ အချို့သော ပြတိုက်များသည် ပြတိုက်တွင် ပြသထားဘော အကြောင်းအရာများ သာမက ပြတိုက် အဆောက်အအုံကပင် ထူးခြားလှပသော အနုပညာ လက်ရာတစ်ခု ဖြစ်နေတတ်လေသည်။
ကမ္ဘာတစ်လွှားရှိ ပြတိုက်များမှ အံ့သြဖွယ်ရာ ထူးခြားလှပဆုံး ပြတိုက် (၉) ခု ကို ဆင်ဟွာ သတင်းဌာနက Nine marvellous art museums in world ဟူ၍ ရွေးချယ် ထားသည်ကို PatheinCity News ပရိသတ်များအတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

1. Salvador Dali Museum in Florida, the United States

 
ဆာလ်ဗေဒို ဒါလီ ပန်းချီ အနုပညာ ပြတိုက် ၊ ဖလော်ရိဒါ ၊ အမေရိကန်ပြည်ထောင်စု

2. MAXXI National Museum of the XXI Century Arts in Rome, Italy

 
မက်ဆီ အမျိုးသားပြတိုက် ၊ ရောမမြို့ ၊ အီတလီ

3. Guggenheim Museum in New York, the United States

 
ဂူ့ဂင်ဟိုင်မ် ပြတိုက် ၊ နယူယောက် ၊ အမေရိကန် ပြည်ထောင်စု

4. Centre Pompidou in Paris, France

 
ပေါ်ပိုဒယူ စင်တာ ၊ ပဲရစ်မြို့ ၊ ပြင်သစ်

5. Denver Art Museum in Denver, the United States

 
ဒန်ဗာ အနုပညာ ပြတိုက် ၊ ဒန်ဗာမြို့ ၊ အမေရိကန် ပြည်ထောင်စု

6. Royal Ontario Museum in Toronto, Canada

 
တော်ဝင် အွန်တေရီရို ပြတိုက် ၊ တိုရန်တိုမြို့ ၊ ကနေဒါ

7. Niterói Contemporary Art Museum in Rio de Janeiro, Brazil

 
နီတရိုင်း ခေတ်ပေါ် အနုပညာ ပြတိုက် ၊ ရီရို ဒေ ဂျနဲရို မြို့ ၊ ဘရာဇီး

8. Palace of Fine Arts in San Fransisco, the United States

 
အနုပညာ နန်းတော် ၊ ဆန်ဖရန်စစ္စကို ၊ အမေရိကန် ပြည်ထောင်စု

9. City of Arts and Sciences of Valencia, Spain

 
ဗယ်လင်ကာ ဝိဇ္ဇာ သိပ္ပံ မြို့တော် ၊ ဗယ်လင်ကာမြို့ ၊ စပိန်
Related Posts Plugin for WordPress, Blogger...