Saturday, September 28, 2013

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင်




ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ်ပါ။ 

အသက် ၄ နှစ်သားအရွယ်ကို ဝဘ်ဆိုဒ်တွေကို စတင်ထိတွေ့မိပြီး ဘာလို့စာတွေမြင်နေရလဲလို့ သူ့အမေကို မေးပါတယ်။ ဒါနဲ့ HTML နဲ့ ရေးထားတာ ဖြစ်ကြောင်း ပြောတာမို့ သူဟာ HTML ကို ၄ နှစ်သားက စလို့ စတင် လေ့လာခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခု တည်ထောင်သွားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့  မိဘ ၂ ပါးလုံးက အင်ဂျင်နီယာတွေပါ။ သူ့အသက် ၉ နှစ်ပြည့်မွေးနေ့မှာ ဝေါကီတော်ကီလို စကားပြောလို့ရတဲ့ ရေဒီယို တစ်လုံး ကို လက်ဆောင်ရတော့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို စတင်စိတ်ဝင်စားပါတော့တယ်။ ဒါနဲ့ စက်ရုပ်တွေကို တီထွင်တဲ့အခါမှာ အခြေခံ အသုံးပြုတဲ့ Arduino လို့လို့ Mini Computer Controller ကို လေ့လာခွင့် ရရှိခဲ့ပြီး စိတ်ကြိုက် လေ့လာ ပါတော့တယ်။ အသက် ၁၀ နှစ်အရွယ်မှာ သူဟာ Hacker Dojo လို့ အမည်ရတဲ့ Creative Group ကို ချိတ်ဆက်ဝင်ရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း Test အလုပ်ခံရပေမယ့် သူ့ရဲ့  အရည်အချင်းကြောင့် အဖွဲ့မှာ စိန်ခေါ်မှုတိုင်းကို အောင်နိုင်ပါတယ်။

ပညာသင်ကြားခွင့်လည်းရနေတော့ အဖွဲ့ကနေ သူဟာ ဟာ့ဒ်ဝဲပစ္စည်းများ လေ့လာခြင်း၊ စက်ရုပ်တီထွင်ခြင်းတို့ကို ပြုလုပ် ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ OLogic အမည်ရ ကုမ္မဏီသို့ သူ့အဖေ ပို့ပေးခဲပါတယ်။ Disney နဲ့ Apple ကုမ္မဏီတို့ လိုအပ်တဲ့ စက်ရုပ်နဲ့ ကိရိယာ တန်ဆာပလာများကို တီထွင်ရောင်းချပေးနေတဲ့ ကုမ္မဏီဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ နွေရာသီကျောင်းပိတ်ရင် ကလေးများ လေ့လာခွင့်ရအောင် Internship များခေါ်ပါတယ်။ Agrawal ဟာ အလုပ်သင် ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို စိတ်ကြိုက်လေ့လာခွင့်ရပါတယ်။

ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး စက်ပစ္စည်းများကို လေ့လာဖို့အတွက် ကုမ္မဏီက ပရောဂျက်ပေးပေမယ့် သူကိုယ်တိုင် စက်ရုပ်တစ်ကောင်ကို စိတ်ကြိုက်ဖန်တီးပါတယ်။ ယင်းစက်ရုပ်အတွက် လိုအပ်တဲ့ ပရိုဂရမ် (Firmware, software) နဲ့ ဟာ့ဒ်ဝဲများကို စိတ်ကြိုက်တပ်ဆင်လိုက်တော့ စေခိုင်းလို့ရတဲ့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်လာပါတယ်။ လောလောဆယ်ကတော့ မုန့် နဲ့ ပစ္စည်း တိုလီမုတ်စ သယ်ဖို့အတွက်ပဲ စေခိုင်းလို့ရပါသေးတယ်။ သို့ပေမယ့် အဲ့ဒီလောက်လုပ်ခိုင်းလိုက်နိုင်တာတင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

သူ့အနေနဲ့ ရှေ့ ဆက်ပြီးတော့ ဟင်းချက်နိုင်တဲ့ စက်ရုပ်ကို တီထွင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်းရှိမယ်လို့တောင် အင်တာဗျူးမှာ ခန့်မှန်းပေးသွားပါတယ်။ အလုပ်သင် လေ့လာ ကာလပြီးလို့ ကျောင်းပြန်ဖွင့်ရင် သူ့အိမ်မှာပဲ ဆက်လုပ်မှာ ဖြစ်ပါတယ်။ စတူဒီယို အသေးစား ပြုလုပ်ထားပြီး ပစ္စည်းအဟောင်းများနဲ့ စက်ရုပ်တွေ ဖန်တီးမှာ ဖြစ်ပါတယ်။ ကောလိပ်တက်တဲ့အခါ စက်ရုပ် ပညာ ရပ် သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ် ပညာရပ် ၂ ခုထဲက တစ်ခုခုကို အထူးပြု လေ့လာသွားမယ်လို့ ဆိုပါတယ်။

Agrawal ဟာ အသက်ငယ်ပေမယ့် သူ့ရဲ့  ကြိုးစားဖန်တီးမှုကြောင့် နေ့ချင်းညချင်း လူသိများလာခဲ့ပါတယ်။ သူတီထွင်တဲ့ စက်ရုပ်အကြောင်းကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

http://youtu.be/cyUp39ZWP2Y

အောင်ခမ်း (TSJ team)

Wednesday, September 25, 2013

မြန်မာတို့၏ ပထမဆုံးများ


===============
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု


၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ
မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )

၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်

၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး

၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ

၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး

၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး

၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး

၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး

၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 

၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ

၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)

၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း

၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်

၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်

၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်

၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်

၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)

၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)

၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်

၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)

၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း

၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်

၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်

၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)

၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု

၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ

၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 

၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

Monday, September 23, 2013

ဘယ်သူနဲ့ နှိုင်းယှဉ်မလဲ

 


ဘီလ်ဂိတ်ပြောတဲ့ စကားတစ်ခွန်းပါ။

"သင့်ကိုယ်သင့် ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေနဲ့ လိုက်မနှိုင်းယှဉ်ပါနဲ့။ လိုက်နှိုင်းနေပြီ ဆိုရင်တော့ အဲဒါ မိမိကိုယ်ကို စော်ကားနေခြင်း ဖြစ်ပါတယ်။"

သင်ခန်းစာ -

ဟုတ်ပါတယ်။ လူတွေဟာ လောဘ၊ မာန စေတသိတ် တရား အခြေခံ လို့ မိမိကိုယ်ကို တစ်ပါးသူနဲ့ လိုက်နှိုင်းနေကြပါတယ်။ ငါသူ့ထက် တော်တယ်။ ငါ သူ့ထက်လှတယ်။ သူ င့ါထက်တော်တယ်။ သူတို့ ငါ့ထပ်ချမ်းသာတယ်။ ငါကျတော့ ဆင်းရဲတယ် အစရှိသဖြင့် လောဘ၊ ဒေါသ စိတ်တွေသာ တစ်ဆင့် ပြီးတစ်ဆင့် မွေးမြူနေမိကြခြင်း ဖြစ်ပါတယ်။

မိမိလုပ်တဲ့ အလုပ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး အကောင်းဆုံး ကြိုးစား နေသူ တစ်ယောက်က အမြဲ အောင်နိုင်နေခြင်း ဖြစ်ပါတယ်။

Facebook အရသာ ရေခဲမုန့်ရပြီ


Facebook ရေခဲမုန့် တကယ်ရောင်းနေပါပြီ။ ဥရောပတိုက် အလယ်ပိုင်း ခရိုအေးရှားနိုင်ငံက Murter ကျွန်းမှ Tisno မြို့ မှာပါ။ Facebook အရသာ ရေခဲမုန့်ဆိုပြီး ဆိုင်ပေါ် တင်ရောင်းမှုကြောင့် နာမည်ကြီးသွား ပါတယ်။


Admir Adil အမည်ရ ဆိုင်ပိုင်ရှင်က ဖန်တီးလိုက်ခြင်းပါ။ အသက် ၁၅ နှစ်ရှိပြီ ဖြစ်တဲ့ သူ့သမီး Facebook သုံးနေတာကို မြင်တော့ Facebook အရသာနဲ့ ရေခဲမုန့်လုပ်ရင်ကောင်းမှာပဲလို့ စိတ်ကူးပြီး တကယ် တကယ် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ အမှန်တော့ ရေခဲမုန့်က သာမန်ရေခဲမုန့်ပါပဲ။ အပေါ်မှာ အပြာရောင် သကြား သစ်ခွရည် လောင်းလိုက်ခြင်းသာ ဖြစ်ပြီး ခပ်ချိုချို အရသာ ရေခဲမုန့် သာသာပါပဲ။ သို့ပေမယ့် Facebook ရေခဲမုန့်လို့ နာမည်ပေးလိုက်တော့ နာမည်ကြီးသွား ရှာပါတယ်။

Facebook ရဲ့  Trademark ကို ယူသုံးဖို့ Admir မှ ဇူကာဘတ်ကို တရားဝင် ဆက်သွယ်ထားခြင်း မရှိပါဘူး။ ဒီတော့ Trademark ကိစ္စ ပြဿနာ ဖြစ်နိုင် ပါတယ်။ ယင်းကဲ့သို့ Facebook အမည်ကို အသုံးပြုပြီး ကုန်ပစ္စည်းနဲ့ ကုမ္မဏီ အမည်ပေးမှုများဟာ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေပြီး Facebook မှ ဘယ်လို Action ပေးမယ်ဆိုတာကို မသိရသေးကြောင်း သိရပါတယ်။
.
Ref: mashable

လုပ်ငန်းရှင်ဖြစ်လာရန် နည်းလမ်း


 

ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်သူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။


1.    Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ် သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2.    Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3.    Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4.    Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5.    Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6.    Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7.    Fine a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8.    Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9.    Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10.    Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11.    Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12.    Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13.    Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14.    Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

စွန့်ဦးစီးပွားဖန်တီးသူတို့ အတုယူရမည့် Dabble တည်ထောင်သူ ၂ ဦး

  

ဒီဆောင်းပါး မဖတ်ခင် https://dabble.co/  ဆိုတဲ့ ဝဘ်ဆိုဒ်လေးကို ဝင်လေ့လာကြည့်နိုင်ပါတယ်။ စွန့်ဦး ကြိုးစား စီးပွား ဖန်တီးသူတို့ ဘယ်လို ခံယူချက်မျိုးနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ဖော်ပြ ပါမယ်။



အမေရိကန်ပြည်ထောင်စုက Erin Hopmann နဲ့ Jess Lybeck လို့အမည်ရတဲ့ အမျိုးသမီး သူငယ်ချင်း ၂ ဦး မှာ အွန်လိုင်း  ပညာရေး စင်တာ တစ်ခုလိုပုံစံပြု လုပ်ဖို့ စိတ်ကူး ရှိပါတယ်။ ဒါနဲ့ပဲ dabble.co အမည်ရ ဝဘ်ဆိုဒ်ကို စတင် လိုက်ပါတယ်။ သင်ချင်တဲ့ ဆရာ၊ သင်ယူလိုတဲ့ ကျောင်းသားတွေကို ကဏ္ဍခွဲပေးပါမယ်။ ဆရာနဲ့ ကျောင်းသားကို တွေ့ဆုံပေးပြီး သင်စရာနေရာ တစ်ခု ဖန်တီးပေးလိုက်တဲ့ သဘောပါ။ ဗီဒိယိုဖိုင်၊ ဆော့ဖ်ဝဲနဲ့ စာများ၊ အချက် အလက်များကို ယင်း ဆိုဒ်မှ တစ်ဆင့် မျှဝေမယ်။ ဒီလိုနဲ့ ဘာသာရပ်တွေပို များလာပြီး အွန်လိုင်း ကျောင်းတော်ကြီး တစ်ခု ဖြစ်လာဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဝဘ်ဆိုဒ် ပုံမှန် လည်ပတ်ဖို့ အတွက် ဝင်ငွေ တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ကြားမှာ ဝန်ဆောင်ခ ယူရလောက်အောင်လည်း အသုံးပြု သူက မရှိတော့ အခက်တွေ့နေပါတယ်။ ရည်ရွယ်ချက်ကလည်း စီးပွားရေး လုပ်တာမှန်ပေမယ့် ကမ္ဘာအရပ်ရပ်က ဘယ်သူမဆို ဈေးနှုန်း အသက်သာဆုံး နဲ့ ပညာသင်ကြားခွင့်ရဖို့ ဖြစ်ပါတယ်။ အခမဲ့ ပေးတဲ့ class တွေတောင် ရှိပါ တယ်။


သို့ပေမယ့် ဝဘ်ဆိုဒ်ကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ငွေကို ရင်းနှီးပေး မယ့်သူ အရေးတကြီး လိုအပ် နေပါတယ်။ သူတို့ ၂ ဦးဟာ ဝဘ်ဆိုဒ်သာ လုပ်လိုက်ပေမယ့် မာကဲတင်း ကောင်းကောင်း မလုပ်နိုင်ပါဘူး။ customer နဲ့ Investor တွေကို မချည်းကပ်နိုင်တော့ ဒုက္ခိအတိ ရောက်နေပါတယ်။ ဝဘ်ဆိုဒ် ရပ်နားဖို့ အထိတောင် စဉ်းစားခဲ့ပေမယ့် အတွေးအိုင်ဒီယာ တစ်ခုရပြီး သူတို့ ခံစားနေရတာတွေကို blog ဖန်တီးလို့ မျှဝေ ပါတော့တယ်။ blog ကို http://thirtydaysofhonesty.com တွေ လို့ အမည်ပေး ထားပါတယ်။ ရက် ၃၀ စာ သူတို့ ရိုးသားကြိုးစားမှုများ စာပြန်ရေးလို့ မျှဝေခြင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ စီးပွားရေး လုပ်ငန်း တစ်ခုကို စတင် လိုက်ပေမယ့် ဘယ်လိုအခက်အခဲများ ကြုံတွေ့ရကြောင်း၊ ဘယ်လို ရုန်းကန်ကြိုးစားရကြောင်း၊ ဘယ်လိုရှုံးနိမ့်ကြောင်း စာတွေ ရေးသားပါတယ်။ စာဖတ်သူတို့ထံမှလည်း မာကဲတင်းနဲ့ စီးပွားရေး အကြံအဥာဏ်များကို ပြန်တောင်းပါတယ်။ ဒါနဲ့ သူတို့ စာအရေးအသေား ကောင်းမှုကြောင့် သတိထားမိ လာကြပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေက ဖုန်းဆက်လာပါတယ်။ ရှိရင်းစွဲ Customer များလည်း ဖုန်းဆက်လို့ ပြန်ဆက်သွယ်တဲ့အထိ ဖြစ်လာပြီး လုပ်ငန်းလည်ပတ်ဖို့အတွက် အရင်းအနှီးကို ပြန်ထောက်ပံ့ ပါတော့တယ်။


ဝဘ်ဆိုဒ်လည်း ပုံမှန် ပြန်လည် လည်ပတ်ပြီး ယခုလိုဆိုရင် အွန်လိုင်း ကျူရှင်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ http://thirtydaysofhonesty.com  ကိုတော့ ရက် ၃၀ ပြည့်ရင်ပြန်ဖျက်မယ်လို့ ဆိုပါတယ်။ သူတို့ ရက် ၃၀ စာအတွင်း ဘယ်လို ရိုးသားကြိုးစားတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ပြုလုပ်ဖန်တီးတဲ့ ဆိုဒ် ဖြစ်ပါတယ်။ အခုတော့ သူတို့ စီးပွားရေး အောင်မြင် သွားပါပြီ။ Erin Hopmann နဲ့ Jess Lybeck တို့ က စီးပွား စွန့်ဦး ကြိုးစား ဖန်တီးသူုတို့ကို ယခုလို အကြံပေးပါတယ်။


"At some point in your life, entrepreneur or not, you will fail and do so spectacularly. You’re not alone,"  "It’s going to hurt more than anything you’ve ever felt before. It will try to destroy you. But it won’t."


"Entrepreneur ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်  ဘဝမှာ တစ်ခါတစ်ရံ ကျရှုံး ရပါတယ်။ သို့ပေမယ့်  ပြန်လည် ကြိုးစားပါ။ လောကမှာ ကူသူ မဲ့ရလောက်အောင် ဘယ်သူမှ ကံမဆိုးဘူး။ သင့်အတွက် အဆိုးဆုံးဆိုတာတွေ သယ်လာမယ်။ ဝမ်းနည်းကြေကွဲစေမယ်။ ဖျက်ဆီးဖို့ ကြိုးစားမယ်။ သို့ပေမယ့် အဲဒါ သင့်ကို မဖျက်ဆီး၊ မကျရှုံး နိုင်ဘူး"

BMW i8 ဟိုင်းဘရစ်ပြိုင်ကား မိတ်ဆက်

 



ဂျာမနီနိုင်ငံ၊ Frankfurt မှာ ကျင်းပလျက် ရှိတဲ့ နိုင်ငံတကာ ကားပြပွဲမှာ BMW မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ကား သစ် ဖြစ်ပါတယ်။


BMW ဟာ i အမည်တပ်ပြီးတော့ လောင်စာဆီစား သက်သာတဲ့ ကားတွေ ထုတ်နေပါတယ်။ မြန်မာပြည်မှာလည်း BMW ကိုယ်စားလှယ် ရှိပြီမို့ ပုံမှာမြင်တွေ့နေရတဲ့ကား ရောက်ရှိဖို့ မျော်လင့် ပါတယ်။ BMW i8 plug in hybrid လို့ အမည်ပေးထားတဲ့ကားပါ။ လောင်စာဆီအား အင်ဂျင်နဲ့ လျှပ်စစ် မော်တော တွဲမောင်းတဲ့ အားပြန်ဖြည့် (Plug-in) ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်က ၁.၅ လီတာ ပါ။ ဆလင်ဒါ ၃ လုံးပူး တာဘို နှစ်လုံးတပ် ဗားရှင်းမို့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၂၃၁ တောင် ရှိပါတယ်။ သူ့ချည်း သက်သက်လည်းမောင်းနိုင်ပါတယ်။ ထပ်မံ အားဖြည့်ပေးထား တာကတော့ ၉၆ ကီလိုဝပ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ် မော်တာပါ။ သူကလည်း မြင်းကောင်ရေအား ၁၃၁ သီးသန့် ထုတ်ပေးပါတယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်မှုက ၃၆၂ တောင် ရှိသွားမှာ ဖြစ်ပါတယ်။

ဆီစားနှုန်းက ၉၄ မိုင်ခရီးအတွက် တစ်ဂါလံတည်းပါ။ အမေရိကန် မှာ ပြုလုပ်တဲ့ စမ်းသပ်ချက် ရလဒ်ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ အပြင်ပန်း ဒီဇိုင်းကော အတွင်းဘက် ဒီဇိုင်းပါ  i စီးရီး Concept အတိုင်း အကျအန ပြင်ဆင်ပေးထားပါတယ်။ concept အဖြစ်ပြသခဲ့တာ ယမန်နှစ်ကပါ။ ယခု ဈေးကွက်ကို တကယ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အော်ဒါစနစ်နဲ့ မှာယူနိုင်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်း၎သောင်းအောက် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၃၀၀ ကျော် ဖြစ် ပါတယ် သို့ပေမယ့် တကယ်စီးဖို့မှာမယ်ဆို အခွန်ခနဲ့ ပေါင်းလိုက်ရင် သိန်း ၃၀၀၀ အောက်ထစ်ပါပဲ။ ဂျာမနီကားချင်း အတူတူ မာစီဒီး E Class နောက်ဆုံးပေါ် ကန်ဒေါ်လာ ၈ သောင်း တန်တောင် မြန်မာပြည်ဈေးကွက်မှာ သိန်း ၂ ထောင် ဝန်းကျင် ပေါက် လို့ ဖြစ်ပါတယ်။ သို့ပေမယ့် i8 က အင်ဂျင်သေးတော့ အခွန်လည်း သက်သာ လောက်ပါတယ်။

အမေရိကန်နဲ့ ဥရောပ ဈေးကွက်အတွက်ကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မှာယူမှု စတင်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ။်

ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော်

 
 
 
       တနေ့ ယွန်းပြည်မှ(ယခုယိုးဒယား ထဲတွင်ရှိသော မယ်ဆိုင်တစ်ဝိုက်) စစ်ထဲ တွင် ရဲရဲတောက် တိုက်နိုင်သော ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတစ်ကောင်ကို
ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။ အဲတာ ဆင်ဝန်တွေ လည်း ဆင်ဖြူတော် အင်္ဂါပါမပါ စစ်ဆေးလေသော် တစ်ခုမှ မတွေ့သဖြင့် အခက်တွေ့နေကြတယ်။ နောက်နံနက်ဆိုလျှင် ဘုရင်ထံ လျှောက်တင် ရတော့မည်။ 


ဆင်ဝန်တို့လည်း ဆောက်တည်ရာမရပဲ ဦးပေါ်ဦးထံ အပြေးအလွှား သွားပြီး အကူအညီ တောင်းရလေသည်။ ဦးပေါ်ဦး လည်း ” စိတ်မပူလေနှင့် နံနက် ဘုရင် မရောက်ခင် အမှီကျူပ်လာခဲ့မည်” လို့ ပြောထး ခဲ့သည်။ နောက် နံနက်ရောက်တော့ ဘုရင်က ထုံးစံအတိုင်း သူ့ဘုန်တန်ခိုးအရ ပေါ်သော ဆင်ဖြူကို လာရူစားတော့သည်။ ဦးပေါ်ဦးက ဘေးမှာ ခစားနေတော့ ဘုရင်က ရိပ်မိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ဆင်ဝန်ကို ဆင်ဖြူတော် အင်္ဂါပါလား မေးပါတယ်။ 


ဆင်ဝန်ကလည်း တိတ်နေတော့ ဘုရင်က ပေါ်ဦး မင်းလျှောက်တင်စမ်း ဆိုတော့။ ပေါ်ဦးက ဆင်မည်းကို သေချာ လှည့်ပတ်ကြည့်ဟန်ပြုပြီး ဘုရင်ကို
” မှန်လှပါ... ဆင် အမျိုးမှာ ကာဠ၀ကဆင်၊ ဂင်္ဂေယျဆင်၊ပဏ္ဍရဆင်၊ ဥပေါသထဆင်၊ ဟေမဆင်၊ ဆန္ဒန်ဆင် ဆိုပြီး အမျိုးအမျိုးရှိရာ ယခု လက်ရှိ ဆင်ကြီးမှာ ဘုန်းတော်ကြောင့် ဟေမဆင်မျိုး ဖြစ်ကြောင်းပါ ၊ ဟေမ ဆင်မျိုးမှာ အနှစ်ပေါင်း ၆၀ ကျော်လျှင် ဖွေးဖွေးဖြူလာကြောင်းပါ” ဟု လျှောက် တင်လေသည်ကို ဘုရင်က ပြုံးပြီး ထိုက်သော ဆုတွေ ချပြီး နန်းတော်သို့ ၀င်လေသည်။

 (ဘုရင်ကဆင်မည်းမှန်း မသိတာ မဟုတ်ပါဘူး သူလည်း သိပါတယ်၊ဘုရင်ဆိုတော့ ဘုန်းတော်ကြီးလို့ ပြောမှ သဘောကျတာပါ။ တကယ်လို့ အဲ့နားမှာ အမတ်တချို့က ယွန်းပြည်ဆင်မည်းကို ဆင်ဖြူ ဖြစ်ကြောင်း ညာပြီး ဆက်သတယ်လို့ ဘုရင်ကို ချွန်ရင် ယွန်းပြည်နဲ့ ထပ်စစ်ဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့် ဦးပေါ်ဦးက လိမ္မာပါးနပ်စွာ လျှောက်တော့ ဘုရင်လည်း သဘောကျ၊ ကျန်တဲ့ လူတွေလည်း ချမ်းသာရတော့တာပါ။ )

https://www.facebook.com/photo.php?fbid=319363768208191&set=a.1114872723
Related Posts Plugin for WordPress, Blogger...