Monday, September 23, 2013

BMW i8 ဟိုင်းဘရစ်ပြိုင်ကား မိတ်ဆက်

 



ဂျာမနီနိုင်ငံ၊ Frankfurt မှာ ကျင်းပလျက် ရှိတဲ့ နိုင်ငံတကာ ကားပြပွဲမှာ BMW မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ကား သစ် ဖြစ်ပါတယ်။


BMW ဟာ i အမည်တပ်ပြီးတော့ လောင်စာဆီစား သက်သာတဲ့ ကားတွေ ထုတ်နေပါတယ်။ မြန်မာပြည်မှာလည်း BMW ကိုယ်စားလှယ် ရှိပြီမို့ ပုံမှာမြင်တွေ့နေရတဲ့ကား ရောက်ရှိဖို့ မျော်လင့် ပါတယ်။ BMW i8 plug in hybrid လို့ အမည်ပေးထားတဲ့ကားပါ။ လောင်စာဆီအား အင်ဂျင်နဲ့ လျှပ်စစ် မော်တော တွဲမောင်းတဲ့ အားပြန်ဖြည့် (Plug-in) ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်က ၁.၅ လီတာ ပါ။ ဆလင်ဒါ ၃ လုံးပူး တာဘို နှစ်လုံးတပ် ဗားရှင်းမို့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၂၃၁ တောင် ရှိပါတယ်။ သူ့ချည်း သက်သက်လည်းမောင်းနိုင်ပါတယ်။ ထပ်မံ အားဖြည့်ပေးထား တာကတော့ ၉၆ ကီလိုဝပ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ် မော်တာပါ။ သူကလည်း မြင်းကောင်ရေအား ၁၃၁ သီးသန့် ထုတ်ပေးပါတယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်မှုက ၃၆၂ တောင် ရှိသွားမှာ ဖြစ်ပါတယ်။

ဆီစားနှုန်းက ၉၄ မိုင်ခရီးအတွက် တစ်ဂါလံတည်းပါ။ အမေရိကန် မှာ ပြုလုပ်တဲ့ စမ်းသပ်ချက် ရလဒ်ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ အပြင်ပန်း ဒီဇိုင်းကော အတွင်းဘက် ဒီဇိုင်းပါ  i စီးရီး Concept အတိုင်း အကျအန ပြင်ဆင်ပေးထားပါတယ်။ concept အဖြစ်ပြသခဲ့တာ ယမန်နှစ်ကပါ။ ယခု ဈေးကွက်ကို တကယ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အော်ဒါစနစ်နဲ့ မှာယူနိုင်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်း၎သောင်းအောက် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၃၀၀ ကျော် ဖြစ် ပါတယ် သို့ပေမယ့် တကယ်စီးဖို့မှာမယ်ဆို အခွန်ခနဲ့ ပေါင်းလိုက်ရင် သိန်း ၃၀၀၀ အောက်ထစ်ပါပဲ။ ဂျာမနီကားချင်း အတူတူ မာစီဒီး E Class နောက်ဆုံးပေါ် ကန်ဒေါ်လာ ၈ သောင်း တန်တောင် မြန်မာပြည်ဈေးကွက်မှာ သိန်း ၂ ထောင် ဝန်းကျင် ပေါက် လို့ ဖြစ်ပါတယ်။ သို့ပေမယ့် i8 က အင်ဂျင်သေးတော့ အခွန်လည်း သက်သာ လောက်ပါတယ်။

အမေရိကန်နဲ့ ဥရောပ ဈေးကွက်အတွက်ကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မှာယူမှု စတင်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ။်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...