Saturday, August 31, 2013

တရုတ် နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ ဖွင့်လှစ်

 
ပေကျင်း  
 
ပင်တဂွန် စစ်ဌာနချုပ်ထက် သုံးဆကြီးပြီး နေရောင်ခြည် အတုဖြင့်ဖန်တီး ဆောက်လုပ်ထားသော New Century Global Center အမည်ရှိ ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ တစ်ခုကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ချန်ဒူးမြို့တွင် ဖွင့်လှစ် ခဲ့ကြောင်း  ဇူလိုင် ၁၃ ရက်က အင်တာနက် သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ယင်းအဆောက် အအုံသည် မီတာ ၁ဝဝ အမြင့်ရှိပြီး  Sydney  Opera Houses 20 ကျင်းပရန် လုံလောက်မှု ရှိသည်ဟု သိရသည်။

ယင်းအဆောက် အအုံသည် ကမ္ဘာ့ အကြီးဆုံး အဆောက်အအုံဖြစ်ပြီး အရှည်မီတာ ၅ဝဝနှင့် အကျယ်ပေ ၄ဝဝ မီတာ ရှိသည့် အပြင် ကြမ်းခင်း ဧရိယာ စတုရန်း  မီတာ ၁ ဒသမ ၇ သန်းရှိသည်။
အဆောက်အအုံ အတွင်း IMAX ရုပ်ရှင်ရုံတစ်ရုံ၊ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်နှစ်လုံး၊ စီးပွားရေး စင်တာနှစ်ခု၊ တက္ကသိုလ် အဆောက်အအုံ တစ်ခု၊  အစည်းအဝေး ခန်းမများ၊  ရုံးများနှင့် ဈေးဝယ် စင်တာများကို ဧရိယာ စတုရန်း မီတာ ၄ဝဝ,ဝဝဝ အတွင်း ဆောက်လုပ် ထားသည်။
ထို့အပြင် Global Center အတွင်း ကမ်းခြေအတု၊ ရေပန်းဥယျာဉ်၊ ရေတံခွန်များနှင့် ရေကြောင်းဆိုင်ရာ ပြတိုက် များပါ ရှိသည့်အပြင် ဧရိယာ စတုရန်း မီတာ ၅ဝဝဝ ကျယ်ဝန်းသော ကမ်းခြေအတုတွင်  အပျော် ဖောင်စီးခြင်း၊ လူအယောက် ၆ဝဝဝ စားသုံး နိုင်သော ပင်လယ် စာ အစားအစာ ဆိုင်များနှင့် နေကာ ထီးများ  ပါဝင်ကြောင်း သိရသည်။
အဆိုပါ Global Center အဆောက်အအုံသည် ချန်ဒူးမြို့၏ အထိမ်းအမှတ် အဆောက်အအုံသစ် တစ်ခု ဖြစ်လာမည် ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...