Monday, September 30, 2013

အခက်အခဲနှင့်အောင်မြင်မှု


Photo: မုန်တိုင်းထန်တိုင်းသာ လှေမြုပ်ရမယ်ဆိုရင်
ငါတို့ အောင်မြင် မှု ကျွန်းငယ် ကို
ဘယ်သူရောက်ဖူး ပါတော့မလဲ...

လေပြေဆိုတာက သာယာမူးမောစေတယ်
နူးညံ့ ပြီးတော့ ကလေးဆန်တယ်...
မုန်တိုင်းဆိုတာက သတိရှိစေတယ်
ကြံ့ခိုင် ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်စေတယ်...

အခက်အခဲ နဲ့......တွေ့ဆုံလာတိုင်း
သန်မာမှု ရှိစေဖို့
တစ်ခါတစ်လေ ဒုက္ခဆိုတာကို 
မျက်တောင် မခတ်ပဲ ခက်မိုက်မိုက် ကြည့်ပစ်လိုက်
ဒါမှ... 
နောက်တစ်ခါ ....
မဖြစ်နိုင်တာ မရှိ ဘူး လို့
အဲ့ဒီ တားဆီးစရာ မုန်တိုင်းတွေ 
သိ...သွား လိမ့်....မယ်....

            ကဗျာ ရှင်
မုန်တိုင်းထန်တိုင်းသာ လှေမြုပ်ရမယ်ဆိုရင်
ငါတို့ အောင်မြင် မှု ကျွန်းငယ် ကို
ဘယ်သူရောက်ဖူး ပါတော့မလဲ...

လေပြေဆိုတာက သာယာမူးမောစေတယ်
နူးညံ့ ပြီးတော့ ကလေးဆန်တယ်...
မုန်တိုင်းဆိုတာက သတိရှိစေတယ်
ကြံ့ခိုင် ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်စေတယ်...

အခက်အခဲ နဲ့......တွေ့ဆုံလာတိုင်း
သန်မာမှု ရှိစေဖို့
တစ်ခါတစ်လေ ဒုက္ခဆိုတာကို
မျက်တောင် မခတ်ပဲ ခက်မိုက်မိုက် ကြည့်ပစ်လိုက်
ဒါမှ...
နောက်တစ်ခါ ....
မဖြစ်နိုင်တာ မရှိ ဘူး လို့
အဲ့ဒီ တားဆီးစရာ မုန်တိုင်းတွေ
သိ...သွား လိမ့်....မယ်....

ကဗျာ ရှင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...