Tuesday, September 3, 2013

ကြွက်ထောင်ချောက် ပမာ





ကြက်၊ ဝက်၊ နွား၊ ဆိတ် တို့ကို တစ်ကောင်ဆီ တစ်ပိုင်တစ်နိုင် မွေးမြူထား တဲ့ အိမ်တစ်အိမ်မှာ ဖြစ်ပါတယ်။

ကြွက်ထောင်ချောက် အိမ်အဝမှာ ထားရှိတာကို ကြွက်ကလေးတစ်ကောင် က တွေ့လိုက်ပါတယ်။ ဒါနဲ့ ခြံထဲမှာ ရှိတဲ့ ကြက်ကို သွားပြောပါတယ်။


"အထဲမှာ ကြွက်ထောင်ချောက် ရှိတယ်"

ဒါအဲ့ ကြက်က "ကြွက်ထောင်ချောက်က ကျုပ်နဲ့ မဆိုင်ဘူး။ ခများ သာ အန္တရာယ် ကင်းပါစေ" လို့ ပြန်ပြောသတဲ့။

ဒါနဲ့ ကြွက်ကလေးက ဝက်ကို သွားပြောတော့လဲ

"အဲဒါ ငါ့အပူမဟုတ်ဘူး။ နင့်အပူ" လို့ပြောပြီး မောင်းထုတ်သတဲ့။ ဒါနဲ့ နွားကို သွားပြောတော့လဲ မထူး၊ ဆိတ်ကိုသွားပြောတော့လဲ မထူး ဂရုမစိုက်တဲ့ အပြင် ကြွက်ကလေးကိုတောင် မောင်းထုတ် လိုက်ပါသေးတယ်။

တစ်ညရောက်တော့ ထောင်ချောက်မှာ အကောင်တစ်ကောင် မိပါတယ်။ ညဘက်ဆိုတော့ မောင်နေချိန် ထကြည့်တဲ့ အမျိုးသမီးကို ထောင်ချောက်ထဲက မြွေဟောက်က လှမ်းပေါက်လိုက် ပါ တော့တယ်။

ဒါနဲ့ပဲ အမျိုးသမီးကို ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံတက်တုန်း အားပြည့် အောင် စားသောက်ဖို့ဆိုပြီး မွေးထားတဲ့ ကြက်ကို သက်ပြီး စွတ်ပြုပ် လုပ်တိုက်ပါတယ်။

ဆေးရုံမှာ မသက်သာတော့ အိမ်ခေါ်နေပြီး နောက်ထပ် ဆိတ်သား စွပ်ပြုတ် လုပ်ကျွေး ပါတယ်။ နောက်လည်း ချက်ကျွေးစရာ မရှိတာနဲ့ ဝက်သား စွပ်ပြုတ် လုပ်ကျွေးရပြန်ပါတယ်။ နောက်တော့လည်း မထူးပါဘူး။ အမျိုးသမီး ကွယ်လွန်သွားရပါတယ်။

ဒီတော့ ကွယ်လွန်တဲ့ အမျိုးသမီးကို မီးသင်္ဂြုလ်ပြီး ရက်လည် ဆွမ်းကပ်ပွဲလေး ကျင်းပ တော့ ဧည့်သည်တို့ စားဖို့အတွက် ကျန်ရှိတဲ့ နွားကို သတ်ပြီး အမဲသားဟင်းနဲ့ ဧည့်ခံ ကျွေးမွေးပါတယ်။ ဒါကြောင့် နောက်ဆုံး မှာ မွေးထားတဲ့ ကြက်၊ ဝက်၊ နွား၊ ဆိတ် အားလုံး ဟင်းစား ဖြစ်သွား ရပါတယ်။

သင်ခန်းစာ

အထက်ပါ ပုံပြင်ထဲကလိုပါပဲ။ လုပ်ငန်းခွင် တစ်ခုမှာ၊ အဖွဲ့အစည်း တစ်ခုမှာ အခက်အခဲ တစ်ခုခု ကြုံတွေ့လာရရင် လူတွေဟာ ဒါငါနဲ့ မဆိုင်ပါဘူးဆိုတဲ့ စိတ်ထားမျိုးနဲ့ ရှောင်လွဲတတ်ကြပါတယ်။ အချို့ ဆိုရင် အကူအညီ မပေးနိုင် တဲ့အပြင် ကိုယ့်အပေါ် ဆိုးကျိုးသက်ရောက်မှာ ဆိုးတဲ့အတွက် တစ်ဖက်သားကို ထိခိုက်နစ်နာအောင်ပါ ပြုလုပ်တတ်ပါသေးတယ်။

ယင်းလုပ်ရပ်များဟာ အင်မတန်မှားယွင်းပြီး တစ်ယောက်ယောက်က ဒုက္ခ ရောက်နေရင်၊ ကိုယ်နဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သက်ဆိုင် လာမယ်ဆိုတာ ကို သိထားရင် အတတ်နိုင်ဆုံး ဖေးမ ကူညီရမှာပဲ ဖြစ်ပါတယ် ။

.
အောင်ခမ်း (TSJ team)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...