Monday, September 2, 2013

*** လူကြီး နှင့် သဘာဝ ***


------------------------------


အရိုးက ချောင်

လူက ငေါင်
အရောင် မကွဲ ၊ မျက်လုံးမွဲ။

ခါးက ညွှတ်ကိုင်း
နားက ထိုင်း
မှိုင်းမှိန် လျော့ရဲ ၊ အရေ တွဲ။

သွားကျိုး ဆံဖြူ
ဂျီး(ကြေး)က ထူ
အယူက လွဲ ၊ စိတ်က မည်း။

ခြေလက် မသန်
ကိုယ်က နံ
အသံအား နည်း ၊ နှပ်ချေး ရွှဲ။

တဏှာက မော့
လူက ပျော့
ထတော့ ယိုင်လဲ ၊ ကိုယ် မမြဲ။

အပြောက သန်
အလုပ် ကျန်
မာန် မာန ကဲ ၊ သီလ နည်း။

မပေး မလှူ
ယူတော့ ယူ
ငြူစူ အော်ဆဲ ၊ ခန္တီ နည်း။

ကိလေသာ ထူ
လောဘ ဆူ
အပူ မနည်း ၊ ဒေါသ ကဲ။

ရှူမှတ် မလုပ်
အနေ ယုတ်
အရှုပ် လွန်ကဲ ၊ သီလ မွဲ။

ဇော ခုနစ်တန်
မျက်ဖြူ လန်
အော်သံ အက်ကွဲ ၊ မှောင် နက် မည်း။

မသေခင် ပုပ်
သေလျှင် မြုပ်
အဟုတ် မလွဲ ၊ အပါယ်ငရဲ။ ။

ကျော်မိုး ( စကားဝါမြေ )
၁၉၊၈၊၂၀၁၃(တနင်္လာနေ့)

Artist-Hla Myint Swe

အေးချမ်းမွန် Credit To >ခရီး သည်ကြီး < Thanks
Re-posted By ACM 19-8-2013 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...