Thursday, September 5, 2013

ဈေးအကြီးဆုံး မျောက်


 

နိုင်ငံခြားသား ဧည့်သည် တစ်ယောက်ဟာ တိရစ္ဆာန်အရောင်းဆိုင်ကို ဝင်လာပြီး လေ့လာပါတယ်။ သူလေ့လာနေစဉ်မှာပဲ လူတစ်ဦး ဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၅ ထောင်ပေးပြီး ဝယ်သွားပါတယ်။


ဒါကြောင့် အင်မတန် အံ့သြသွားတဲ့ နိုင်ငံခြား ဧည့်သည်က ဆိုင်ပိုင်ရှင်ကို မျောက်ဈေးကြီးရတဲ့ အကြောင်း သိရအောင် မေးပါတယ်။ ဆိုင်ပိုင်ရှင်က ယခုလို ဖြေပါတယ်။

“ဟုတ်ကဲ့။ အစောက ရောင်းလိုက်တဲ့ မျောက်က C programming တတ်တယ်။ အဲဒါကြောင့် ကန်ဒေါ်လာ ၅ ထောင်တန်ရခြင်းပါ”
ဒါနဲ့ အံ့သြစွာနဲ့ပဲ နိုင်ငံခြား ဧည့်သည်ဟာ ဆိုင်မှာ ထပ်ကြည့်ရင်း ကန်ဒေါ်လာ ၁ သောင်းတန် မျောက်ကို တွေ့ပါတယ်။ ဒါနဲ့ သူကလည်း ဘာလို့ ကန်ဒေါ်လာ ၁ သောင်းတန်လဲ သိရအောင်လို့ မေးတဲ့အခါ

“ဟုတ်ကဲ့။ အဲ့ဒီမျောက်က Visual C ++ programming လည်းရတယ်။ Object-oriented programming နဲ့ Java လည်း နည်းနည်းထပ်ရသေး တယ်။ အဲဒါကြောင့် ဒီမျောက်က အမေရိကန်ဒေါ်လာ ၅ သောင်း တန်ရခြင်း ပါ။”

ဒါနဲ့ နိုင်ငံခြား ဧည့်သည်ဟာ အမေရိကန်ဒေါ်လာ ၅ သောင်းတန်တဲ့ မျောက် ကျတော့ ဘာတတ်လဲလို့ မေးတဲ့ အခါ ဆိုင်ပိုင်ရှင်က ယခုလို ဖြေပါတယ်။

“ဟင့်အင်း။ အဲ့မျောက်က ဘာလုပ်တတ်လဲတော့ ကျနော်တို့လည်း သေချာ မစစ်ဆေးရသေးဘူး။ သို့ပေမယ့် အစောက မျောက်နှစ်ကောင်စလုံးက သူ့ကို ဘော့စ် လို့ ခေါ်နေတာမို့ ကန်ဒေါ်လာ ၅ သောင်း ဈေးတင်ထားတာပါ”
.
Ref:techjoke
Aung Kham (TSJ team)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...